ဗီယက်နမ်နိုင်ငံကို ရောက်ဖြစ်ခဲ့ရင် တစ်ခေါက်လောက်တော့ မဖြစ်မနေသွားလည်သင့်တဲ့ နေရာလေးက **Hoi An Ancient Town** ပါပဲ။ 💛

🏮✨ HOI AN INTERNATIONAL LANTERN FESTIVAL 2026 – ရောင်စုံမီးအိမ်လေးတွေအောက်က ဟွိုင်အန်းရဲ့ အလှတရား
ဗီယက်နမ်နိုင်ငံကို ရောက်ဖြစ်ခဲ့ရင် တစ်ခေါက်လောက်တော့ မဖြစ်မနေသွားလည်သင့်တဲ့ နေရာလေးက Hoi An Ancient Town ပါပဲ။ 💛
အဝါရောင်ရှေးဟောင်းအဆောက်အအုံလေးတွေ၊ လမ်းတစ်လျှောက် ချိတ်ဆွဲထားတဲ့ ရောင်စုံမီးအိမ်လေးတွေ၊ Hoai River ပေါ်မှာ လှေငယ်လေးတွေ ဖြတ်သန်းသွားလာနေတဲ့ မြင်ကွင်းတွေက ဟွိုင်အန်းမြို့လေးကို ပိုပြီးအသက်ဝင်လှပစေပါတယ်။ ညအချိန်ရောက်လာတဲ့အခါ မီးအိမ်ရောင်စုံတွေရဲ့ အလင်းရောင်အောက်မှာ မြို့ဟောင်းလေးတစ်မြို့လုံးက ပုံပြင်ထဲကလို လှပနေမှာပါ။ 🏮🌙
ဒီဇင်ဘာလမှာတော့ ဟွိုင်အန်းရဲ့အလှတရားကို ပိုပြီးထူးခြားစေမယ့် Hoi An International Lantern Festival 2026 ကို ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
✨ ဒီပွဲတော်မှာ ဘာတွေထူးခြားမလဲ?
ဒီလိုထူးခြားတဲ့ ပွဲတော်အတွေ့အကြုံကို လက်လွတ်မခံချင်ဘူးဆိုရင်တော့ Lucky Treasure Travels & Tours မှာ သင့်အတွက် ခရီးစဉ်လေးရှိနေပါပြီ။ ❤️
✈️ Da Nang – Hoi An ၃ ညအိပ် ၄ ရက် ခရီးစဉ် နဲ့အတူ ဒါနန်းမြို့ရဲ့ နာမည်ကြီးအလှအပတွေဖြစ်တဲ့ Golden Bridge၊ Ba Na Hills၊ Linh Ung Pagoda၊ My Khe Beach တို့ကို လည်ပတ်နိုင်မှာဖြစ်သလို Hoi An Ancient Town ရဲ့ ရှေးဟောင်းအလှတရားနဲ့ ရောင်စုံမီးအိမ်လေးတွေအောက်က ညအလှကိုလည်း ကိုယ်တိုင်ခံစားနိုင်မှာပါ။
📸 နေ့ခင်းဘက်မှာ ဒါနန်းရဲ့ လှပတဲ့နေရာတွေကို လည်ပတ်မယ်။ ညဘက်မှာတော့ မီးအိမ်ရောင်စုံတွေနဲ့ လှပနေတဲ့ ဟွိုင်အန်းမြို့လေးမှာ အမှတ်တရတွေ ဖန်တီးမယ်။
ဒီဇင်ဘာလရဲ့ Hoi An Lantern Festival ကို လက်လွတ်မခံချင်ဘူးဆိုရင် Lucky Treasure နဲ့အတူ ဗီယက်နမ်အလယ်ပိုင်းခရီးစဉ်လေးကို အခုပဲ Join လိုက်တော့နော်! 🏮🇻🇳
Lucky Treasure Travels & Tours Your Journey, Our Treasure.